International News

ဩစတြေးလျ၏ အကြီးဆုံးသော ကျောက်မီးသွေးသုံးစွမ်းအင်စက်ရုံကို ၂၀၂၅ ခုနှစ်တွင် ပိတ်သိမ်းမည်

Last Updated:

ဩစတြေးလျ စွမ်းအင်ထောက်ပံ့သူများအနက် တစ်ဦးဖြစ်သည့် Origin Energy သည် နယူးဆောက်ဝေးလ်ပြည်နယ်၊ Hunter ဒေသရှိ သြစတြေးလျ၏ အကြီးဆုံးကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကို ယခင်ရည်မှန်းထားသည်ထက် (၇) နှစ်စောစီးစွာ ၂၀၂၅ ခုနှစ်၊ သြဂုတ်လတွင်ပိတ်ရန် ခွင့်ပြုချက်တောင်းခံထားကြောင်း ABC သတင်းက ရေးသားဖော်ပြထားသည်။ လိုအပ်သော သုံးနှစ်ခွဲကြာ သတိပေးချက်ကာလပြီးနောက် ကုမ္ပဏီသည် စောစီးစွာပိတ်သိမ်းနိုင်ချေရှိသည့် သတိပေးအကြောင်းကြားစာကို စွမ်းအင်အာဏာပိုင်ဖြစ်သည့် Australian Energy Market Operator (AEMO) သို့တင်သွင်းခဲ့ကြောင်း သိရှိရသည်။

Eraing သည် အမျိုးသားစွမ်းအင်ဈေးကွက် (National Energy Market-NEM) ကို ထောက်ပံ့ပေးနေသည့် ကျန်ရှိနေသည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ၁၆ ရုံအနက် အကြီးဆုံးစက်ရုံဖြစ်ပြီး၊  ၎င်းတို့အနက် ၇ ရုံကို ၂၀၃၅ ခုနှစ်တွင် ပိတ်သိမ်းရန် စီစဉ်ထားကာ  ကျန်ရှိနေသည့် စက်ရုံအားလုံးကို ၂၀၅၁ ခုနှစ်တွင် နောက်ဆုံးထားပိတ်ရန် စီစဉ်ထားကြောင်း သိရှိရသည်။ Origin ဓာတ်အားပေးစက်ရုံတွင် ဝန်ထမ်း ၂၄၀ ရှိပြီး၊ ကန်ထရိုက်တာများက ထိုနေရာတွင် ဝန်ထမ်းစုစုပေါင်း ၄၀၀ ခန့်ကို မြှင့်တင်ပေးထား သည်။

ကျောက်မီးသွေးမှ ထွက်ရှိသော လျှပ်စစ်ဓာတ်အားသည် အမျိုးသားစွမ်းအင် ဈေးကွက်တွင် ဓာတ်အား ၆၀% ကို ပံ့ပိုးပေးနေဆဲဖြစ် သော်လည်း ၂၀၀၆ ခုနှစ် မှတ်တမ်းများ စတင်ခဲ့သည့်အချိန်မှ ၈၇% လျော့နည်းသွားခြင်းဖြစ်ပါသည်။ Eraring သည် Origin စွမ်းအင် ကုမ္ပဏီ၏ တစ်ခုတည်းသော ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံဖြစ်ပြီး၊ ကုမ္ပဏီသည် ပြန်လည်ပြည့်ဖြိုးမြဲနှင့် သဘာဝ ဓာတ်ငွေ့ပေါင်းစပ်မှုမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မည်ဖြစ်သည်။ ကုမ္ပဏီက ကမ္ဘာ့တောင်ဖက်အခြမ်းတွင် အကြီးဆုံးဖြစ်လာသည့် ၇၀၀ မဂ္ဂါဝပ်ဘက်ထရီကြီးကို တပ်ဆင်ရန် ရည်ရွယ်ထားပြီး၊ သုံးစွဲသူများသည် လက်ရှိထက်ထောက်ပံ့မှုထက် ပိုမိုသုံးစွဲနိုင်မည်ဖြစ် ကြောင်း သိရှိရသည်။

သို့သော် ယခုကဲ့သို့  ၂၈၈၀ မဂ္ဂါဝပ် ဂျင်နရေတာအား ရုတ်တရက် စောစီးစွာပိတ်သိမ်းရန် ရည်ရွယ်ခြင်းသည် အမျိုးသားစွမ်းအင် စျေးကွက်ရှိ နယူး‌ဆောက်ဝေးလ်ပြည်နယ် စွမ်းအင်ထွက်ရှိမှု၏ ၂၀% ကျော်ရှိသည့် လျှပ်စစ်ဓာတ်အား သိသိသာသာကွာဟချက် ဖြစ် ပေါ်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: www.abc.net.au

Category: International News